“သန့်ရှင်းသူများ အနောက်ဘက်သို့ ခရီးသွားခြင်း၊” မိတ်ဆွေ၊ ဒီဇင်ဘာ ၂၀၂၅၊ ၂၆–၂၈။
လစဉ် မိတ်ဆွေ အမှာစကား၊ ဒီဇင်ဘာ ၂၀၂၅
သန့်ရှင်းသူများ အနောက်ဘက်သို့ ခရီးသွားခြင်း
ဂျိုးဇက်စမစ်ကွယ်လွန်ပြီးနောက်၊ ဘရင်ဂ်ဟမ်ယန်းနှင့် အခြားသောတမန်တော်များသည် အသင်းတော်ကို ဦးဆောင်ခဲ့ကြပါသည်။ နော်ဗူးမြို့သည့် လုံခြုံမှုမရှိသောကြောင့် သန့်ရှင်းသူများ ထိုမြို့အား စွန့်ခွာရမည်ကို ဘရင်ဂ်ဟမ်သိခဲ့ပါသည်။ သို့သော် ကိုယ်တော်ရှင်သည် သူတို့အား ဗိမာန်တော်ကို အရင်ဆောက်လုပ်ပြီးစီးစေရန် အလိုတော်ရှိခဲ့ပါသည်။
ဗိမာန်တော်အဆင်သင့်ဖြစ်သောအခါ၊ ထောင်ပေါင်းများစွာသောသန့်ရှင်းသူများသည် ကိုယ်တော်ရှင်နှင့် ပဋိညာဉ်များပြုခဲ့ကြပြီး မိသားစုများအဖြစ် တံဆိပ်ခတ်ခဲ့ကြပါသည်။
ယခုမှာ သူတို့၏အနောက်ဘက်သို့ခရီးစဉ်စတင်ရန် အချိန်ကျရောက်ခဲ့ပါသည်။ ရာသီဥတုသည် အေးပြီး လူများနာမကျန်းဖြစ်ကာ ဆာလောင်ခဲ့ကြပါသည်။
ဘရင်ဂ်ဟမ်သည် အကူအညီအတွက်ဆုတောင်းခဲ့ပါသည်။ ကိုယ်တော်ရှင်မှ သူတို့သည် အချင်းချင်းကူညီသင့်ကြောင်းနှင့် သူတို့ကို ကိုယ်တော်ကောင်းချီးပေးပြီး ကူညီမည့်အကြောင်း ပြောကြားခဲ့ပါသည်။
ခရီးလမ်းသည် အလွန်ခက်ခဲဆဲဖြစ်ခဲ့ပါသည်။ လူတစ်ချို့ သေဆုံးခဲ့ကြပါသည်။ သို့သော် သူတို့၏ဗိမာန်တော်ပဋိညာဉ်များကြောင့်၊ သန့်ရှင်းသူများသည် သူတို့၏မိသားစုဝင်များကို နောက်တစ်ဖန်တွေ့ရမည်ဖြစ်ကြောင်း သူတို့သိခဲ့ကြပါသည်။
ပထမဆုံးသန့်ရှင်းသူများသည် ၁၈၄၇ခုနှစ်တွင် ဆော့တ်လိတ်ခ်ချိုင့်ဝှမ်းသို့ ရောက်ရှိခဲ့ကြပါသည်။ ဤနေရာတွင် သူတို့သည် ကိုယ်တော်ရှင်အား ကိုးကွယ်ပြီး သူ၏အမှုတော်ကို ငြိမ်းချမ်းစွာ လုပ်ဆောင်နိုင်ခဲ့ကြပါသည်။
နှစ်များစွာတစ်လျှောက်၊ သန့်ရှင်းသူများ ပိုမိုရောက်ရှိလာကြပြီး ဗိမာန်တော်များ ပိုမိုဆောက်လုပ်ခဲ့ကြပါသည်။ သာသနာပြုများသည် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို သင်ကြားပေးရန် ကမ္ဘာတစ်ဝှမ်း ခရီးနှင်ခဲ့ကြပါသည်။ ကယ်တင်ရှင်၏အသင်းတော်သည် နေရာအနှံ့ရှိ ကောင်းကင်ဘုံရှင်အဘ၏သားသမီးများအား ကောင်းချီးပေးကာ ဆက်လက်ကြီးထွားလာခဲ့ပါသည်။
အရောင်ခြယ်စာမျက်နှာ
ကိုယ်တော်သည် လောက၏အလင်း၊ အသက်နှင့် မျှော်လင့်ခြင်းဖြစ်ပါသည်
ခိုရီး အက်ဘာ့တ်၏ သရုပ်ဖော်ပုံ
ယေရှုခရစ်တော်အား အောက်မေ့ရန် ခရစ္စမတ်အခါသမယ၌ သင်ဘာလုပ်ပါသနည်း။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Friend Message, ဒီဇင်ဘာ ၂၀၂၅ ၏ ဘာသာပြန်။ Burmese. 19637 256