2025
ဂျိန်းမန်းနင်းသည် နော်ဗူးမြို့သို့ ခရီးထွက်သည်
အောက်တိုဘာ ၂၀၂၅


“ဂျိန်းမန်းနင်းသည် နော်ဗူးမြို့သို့ ခရီးထွက်သည်၊” မိတ်ဆွေ၊ အောက်တိုဘာ ၂၀၂၅၊ ၂၆–၂၈။

လစဉ်မိတ်ဆွေ အမှာစကား၊ အောက်တိုဘာ ၂၀၂၅

ဂျိန်းမန်းနင်းသည် နော်ဗူးမြို့သို့ ခရီးထွက်သည်

အပြင်ဘက်တွင် ဂျိန်းမန်းနင်းအား ဗတ္တိဇံပေးနေသည့် အမျိုးသားတစ်ဦး

ဂျိန်းမန်းနင်းနေထိုင်ခဲ့သောနေရာတွင်၊ လူတစ်ချို့သည် သူမအား သူမ၏အသားအရောင်ကြောင့် အထင်သေးစွာ ဆက်ဆံခဲ့ကြပါသည်။ တစ်နေ့တွင်၊ သူမသည် သာသနာပြုတစ်ယောက် သင်ကြားနေသည်ကို ကြားခဲ့ပါသည်။ မကြာမီတွင် သူမသည် ဗတ္တိဇံခံခဲ့ပါသည်။

လှေတစ်စီးအနီးရှိ ကမ်းစပ်တွင်ရပ်နေကြသည့် ဂျိန်းနှင့်သူမ၏မိသားစု

ဂျိန်း၏မိသားစုသည်လည်း ဗတ္တိဇံခံခဲ့ပါသည်။ သူတို့အားလုံးသည် နော်ဗူးမြို့ရှိ သန့်ရှင်းသူများနှင့်အတူ နေထိုင်လိုခဲ့ကြပါသည်။ ထို့ကြောင့် သူတို့၏ခရီးကို စတင်ခဲ့ကြပါသည်။

အိတ်များကိုသယ်ပြီး မြစ်ကိုစုန်ဆင်းသွားသည့်လှေတစ်စင်းကို ကြည့်နေကြသည့် ဂျိန်းနှင့်သူမ၏မိသားစု

ဂျိန်း၏မိသားစုသည် ခရီးတစ်ထောက်အတွက် လှေဖြင့်ခရီးသွားချင်ခဲ့သော်လည်း၊ သူတို့၌ပိုက်ဆံအလုံအလောက်မရှိခဲ့ကြပါ။ ထို့ကြောင့် သူတို့သည် မိုင် ၈၀၀ (၁၃၀၀ ကီလိုမီတာ) လမ်းလျှောက်ခဲ့ရပါသည်။

စုတ်ပြဲနေသောဖိနပ်များနှင့် ရွှံ့ပေနေသောအဝတ်အစားများဖြင့် လမ်းလျှောက်နေကြသည့် ဂျိန်းနှင့်သူမ၏မိသားစု

သူတို့သည် နက်စောက်သည့် စမ်းချောင်းတစ်ခုကို ဖြတ်ကျော်ခဲ့ရပြီး အပြင်တွင် အအေးဒဏ်ခံပြီး အိပ်ခဲ့ကြရပါသည်။ သို့သော် သူတို့သည် နော်ဗူးမြို့သို့ ရောက်အောင်သွားရန် ဆုံးဖြတ်ခဲ့ကြပါသည်။ သူတို့သည် လမ်းလျှောက်စဉ် သီချင်းဆိုခြင်းဖြင့် မိမိတို့ကိုယ်ကိုက အားပေးခဲ့ကြပါသည်။

အမျိုးသားတစ်ဦး၏ခြေထောက်အား ပတ်တီးစည်းပေးနေသည့် ဂျိန်း

ဂျိန်း၏မိသားစုသည် သူတို့၏ဖိနပ်များစုတ်ပြဲပြီး သူတို့၏ခြေထောက်များနာကျင်လာသည်အထိ လမ်းလျှောက်ခဲ့ကြပါသည်။ သို့သော် သူတို့သည် အကူအညီအတွက် ဘုရားသခင်ကို ဆုတောင်းသောအခါ၊ ကိုယ်တော်သည် သူတို့၏ခြေထောက်များကို သက်သာစေခဲ့ပါသည်။

ဂျိန်းနှင့်ဖျားနေသည့်ကလေးငယ်အားချီထားသည့်အမျိုးသမီးကို ကြည့်နေကြသည့် လူတစ်စု

သူတို့သည် လမ်းတစ်လျှောက်တွင်တွေ့ရှိခဲ့သည့် လူများကို ကူညီခဲ့ကြပါသည်။ သူတို့သည် သူတို့၏ယုံကြည်မှုကြောင့် ဖျားနေသည့်ကလေးငယ်တစ်ဦးကိုပင် ပျောက်ကင်းအောင်ကူညီခဲ့ကြပါသည်။

အမ်မာစမစ်အား ပွေ့ဖက်ထားသောဂျိန်းနှင့် ပြုံးနေသောဂျိုးဇက်စမစ်

နောက်ဆုံးတွင်၊ ဂျိန်းနှင့်သူမ၏မိသားစုတို့သည် နော်ဗူးမြို့သို့ ရောက်ရှိခဲ့ကြပါသည်။ ဂျိုးဇက်စမစ်သည် သူတို့ကြုံတွေ့ခဲ့ရသည့်အရာအားလုံးကို ကြားသောအခါ၊ သူသည် ဂျိန်းအားပြောခဲ့သည်မှာ၊ “ဘုရားသခင် သင့်ကို ကောင်းချီးပေးပါစေ။ သင်က အခု မိတ်ဆွေတွေကြားထဲရောက်နေပါပြီ။”

အရောင်ခြယ်စာမျက်နှာ

ယေရှုသည် ကျွန်ုပ်အား လူတိုင်းကိုချစ်ရန် အလိုရှိသည်

ထိုင်ခုံတစ်ခုပေါ်တွင် အတူတကွထိုင်နေသော ကလေးနှစ်ယောက်၏ အရောင်ခြယ်စာမျက်နှာပီဒီအက်ဖ်

ခိုရီး အက်ဘာ့တ်၏ သရုပ်ဖော်ပုံ

သင်သည် တစ်ပါးသူများကို မည်ကဲ့သို့ ချစ်ခြင်းမေတ္တာပြမည်နည်း။