“နာဗူးအားတည်ထောင်ခြင်း၊” မိတ်ဆွေ၊စက်တင်ဘာ ၂၀၁၅၊ ၂၆–၂၈။
လစဉ် မိတ်ဆွေ အမှာစကား၊ စက်တင်ဘာ ၂၀၂၅
နာဗူးအားတည်ထောင်ခြင်း
ကိုယ်တော်ရှင်သည် သန့်ရှင်းသူများအား နေရာသစ်တစ်ခုတွင် စုဝေးရန် မိန့်တော်မူခဲ့ပါသည်။ ထိုနေရာသည် ပိုကြီးမားသောမြစ်အနီးတွင်ရှိပြီး၊ မြေသည် စိုစွတ်ပြီး ရွှံ့ထူထပ်ပါသည်။ မြို့တစ်မြို့အား တည်ထောင်ရန် နေရာကောင်းတစ်ခုဖြစ်ပုံမပေါ်ခဲ့ပါ။ သို့ရာတွင် ကိုယ်တော်ရှင်၏အကူအညီဖြင့်၊ ထိုနေရာအား လှပအောင်ပြုလုပ်နိုင်ကြောင်း ပရောဖက်ဂျိုးဇက်စမစ်က သိရှိခဲ့ပါသည်။
သန့်ရှင်းသူများသည် နေချင်စဖွယ်နေရာတစ်ခုဖြစ်ရန် အားထုတ်ခဲ့ကြပါသည်။ ဂျိုးဇက်သည် မြို့အား နာဗူး ဟုခေါ်စေခဲ့ပါသည်၊ “လှပသောနေရာ” ဟုအဓိပ္ပါယ်ရပါသည်။
ကိုယ်တော်ရှင်သည် သူ၏သန့်ရှင်းသူများအား နာဗူးတွင် ဗိမာန်တော်တစ်ခု ဆောက်လုပ်စေခဲ့ပါသည်။ လူများသည် လျှင်မြန်စွာ အလုပ်စလုပ်ကြပါသည်။
ကိုယ်တော်ရှင်၌ သူ၏လူမျိုးများအားပေးရန် ကြီးမြတ်သောကောင်းချီးများရှိပါသည်။ ဗိမာန်တော်၌၊ သူတို့သည် ကိုယ်တော်ရှင်နှင့် ပဋိညာဉ်များ သို့မဟုတ် ထူးခြားသည့်ကတိတော်များ၊ ပြုလုပ်ကြပါလိမ့်မည်။ သူတို့သည် ကောင်းကင်ဘုံရှင်အဘ၏သားသမီးများအားလုံးအတွက် ပျော်ရွှင်ခြင်းအစီအစဉ်ကိုလည်း သင်ယူကြပါလိမ့်မည်။
သန့်ရှင်းသူများသည် ဗိမာန်တော်တည်ဆောက်ရန် အားထုတ်ခဲ့ကြပါသည်။ တည်ဆောက်ရန်အချိန်ကြာမြင့်သော်လည်း၊ ကိုယ်တော်ရှင်၏ဗိမာန်တော်တွင် သူတို့အတွက်ထားရှိသည့် ထူးခြားသည့်ကတိတော်များကို သင်ယူရန် သူတို့သည်စိတ်လှုပ်ရှားနေခဲ့ကြပါသည်။
အရောင်ခြယ်စာမျက်နှာ
ဗိမာန်တော်သည် ကိုယ်တော်ရှင်၏ အိမ်တော်ဖြစ်ပါသည်။
ခိုရီး အက်ဘာ့တ်၏ သရုပ်ဖော်ပုံ
ဗိမာန်တော်တစ်ခုအားမြင်သောအခါ သင်မည်ကဲ့သို့ခံစားရပါသနည်း။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Friend Message,September 2025.၏ ဘာသာပြန်Burmese. 19640 256