2025
လစ်ဘာတီအကျဉ်းထောင်
မေ ၂၀၂၅


“လစ်ဘာတီအကျဉ်းထောင်၊” မိတ်ဆွေ၊ သြဂုတ် ၂၀၂၅၊ ၂၆–၂၈။

လစဉ် မိတ်ဆွေ အမှာစကား၊ ဩဂုတ် ၂၀၂၅

လစ်ဘာတီအကျဉ်းထောင်

မီးလောင်နေသောအိမ်များနှင့် သေနတ်များဖြင့်အမျက်ထွက်နေသောအမျိုးသားများ

မစ်ဆိုရီရှိ များစွာသောလူများသည် သန့်ရှင်းသူများအားမနှစ်သက်ခဲ့ကြပါ။ အုပ်ချုပ်ရေးမှူးသည် သူတို့အားနှင်ထုတ်ရန်စစ်သားများအား စေလွှတ်ခဲ့ပါသည်။

ဂျိုးဇက်စမစ်အား ဓားဖြင့်ညွှန်နေသည့် မြင်းပေါ်မှလူ

စစ်သားများသည် ဂျိုးဇက်စမစ်နှင့် အခြားသောအသင်းတော်ခေါင်းဆောင်များအား ဖမ်းဆီးခဲ့ကြပါသည်။ တစ်ညတွင်၊ အစောင့်များသည် သန့်ရှင်းသူများအားသူတို့ပြုခဲ့သည့် မကောင်းသည့်အရာများကြောင်း ရယ်မောနေခဲ့ကြပါသည်။

သူ၏လက်ကောက်ဝတ်များတွင် သံကြိုးများဖြင့် မတ်တပ်ရပ်၍ လူများအားစကားပြောနေသော ဂျိုးဇက်စမစ်

ဂျိုးဇက်သည်မတ်တပ်ရပ်ပြီး “တိတ်ဆိတ်ပါ”ဟု အော်ခဲ့ပါသည်။ သူသည် ဘုရားသခင်၏တန်ခိုးတော်ဖြင့် စကားပြောခဲ့ပါသည်။ အစောင့်များက သူတို့တောင်းပန်ကြောင်းပြောပြီး စကားပြောခြင်းကိုရပ်တန့်ခဲ့ကြသည်။

လစ်ဘာတီအကျဉ်းထောင်ထဲတွင် ဝမ်းနည်းပြီး အေးစက်နေသော ဂျိုးဇက်စမစ်နှင့် အခြားအမျိုးသားများ

နောက်ပိုင်းတွင်၊ ဂျိုးဇက်နှင့် သူ၏မိတ်ဆွေများအား လစ်ဘာတီဟုခေါ်ဆိုသည့် မြို့တစ်မြို့ရှိ အကျဉ်းထောင်တစ်ခုသို့ပို့ခဲ့ပါသည်။ အကျဉ်းထောင်သည် အေးစက်၊ သေးငယ်ပြီး မှောင်မဲနေခဲ့ပါသည်။ သူတို့တွင် အိပ်စက်ရန် ညစ်ပတ်သောကောက်ရိုးများသာ ရှိခဲ့ပါသည်။ သူတို့အား ပေးသောအစာသည် သူတို့ကိုဖျားနာစေခဲ့ပါသည်။

ငိုကြွေးနေသောဂျိုးဇက်စမစ်နှင့် သူ့အားနှစ်သိမ့်ပေးနေသော အမျိုးသားတစ်ဦး

ဂျိုးဇက်သည် သန့်ရှင်းသူများအတွက် စိုးရိမ်ခဲ့ပါသည်။ သို့သော် သူတို့အားကူညီရန် မည်သည့်အရာမျှ သူမလုပ်ဆောင်နိုင်ခဲ့ပါဘူး။

အကျဉ်းထောင်ထဲတွင် ဒူးထောက်ဆုတောင်းနေသော ဂျိုးဇက်စမစ်

ဂျိုးဇက်သည် အလွန်ဆုတောင်းခဲ့ပါသည်။ သူသည် သူနှင့် အသင်းတော်အသင်းသားများအား ဘုရားသခင်မေ့လျော့ပြီလားဟု မေးမြန်းခဲ့ပါသည်။

အကျဉ်းထောင်ထဲတွင် ဒူးထောက်ကာ ပြတင်းပေါက်ငယ်မှ စီးဝင်လာသော နေရောင်ခြည်သို့ မျှော်ကြည့်နေသော ဂျိုးဇက်စမစ်

ဘုရားသခင်သည် ဂျိုးဇက်၏ဆုတောင်းချက်ကို အဖြေပေးခဲ့ပါသည်။ “ငါ့သား၊ သင်၏စိတ်ဝိညာဉ်ကို ငြိမ်းချမ်းခြင်းရှိစေလော့။” ဟု သူပြောခဲ့ပါသည်။ သူ၏စိန်ခေါ်မှုများသည် အမြဲတမ်းမကြာရှည်ဘဲ သူ၏ ကောင်းကျိုးအတွက်ဖြစ်ကြောင်း ဂျိုးဇက်အား ဘုရားသခင်ကပြောခဲ့ပါသည်။ သူသည် ဂျိုးဇက်နှင့်အတူ “ကာလအစဉ်အဆက်” ရှိလိမ့်မည်ဖြစ်ကြောင်း ကတိပေးခဲ့ပါသည် (ဩဝါဒနှင့် ပဋိညာဉ်များ ၁၂၁:၇၊ ၄၆)။

အရောင်ခြယ်စာမျက်နှာ

ကျွန်ုပ်သည် တစ်ပါးသူများအတွက် အလင်းကဲ့သို့ဖြစ်နိုင်ပါသည်

မီးပြတိုက်၊ ကျောက်ဆောင်ကမ်းခြေနှင့် သမုဒ္ဒရာထဲမှရွက်လှေတစ်စင်းဖြင့် အရောင်ခြယ်စာမျက်နှာလုပ်ဆောင်ချက်

ခိုရီး အက်ဘာ့တ်၏ သရုပ်ဖော်ပုံ

သင်သည် အခြားသူများအတွက် ပုံသက်သေကောင်းမည်သို့ဖြစ်မည်နည်း။