လစဉ် မိတ်ဆွေ အမှာစကား၊ ဇူလိုင် ၂၀၂၅
တမန်တော်များသည် ဂရိတ်ဗြိတိန်သို့ သာသနာပြုအမှုတော်ဆောင်ကြ၏
ကိုယ်တော်ရှင်သည် ဂျိုးဇက်စမစ်အား တမန်တော်အချို့ကို ဂရိတ်ဗြိတိန်သို့ သာသာနာပြုရန် စေလွှတ်ရမည့်အကြောင်း မိန့်တော်မူခဲ့ပါသည်။ တမန်တော်များသည် သူတို့၏မိသားစုများကို စွန့်ခွာရန် ခက်ခဲခဲ့ပါသည်၊ သို့သော်လည်း ကိုယ်တော်ရှင်သည် သူတို့အား ကောင်းချီးပေးရန် ကတိတော်ထားခဲ့ပါသည်။
ဟီဘာ စီ၊ ကင်မ်ဘော နှင့် သူ၏ဇနီး၊ ဗစ်လိတ်၌ ငယ်ရွယ်သည့်မိသားစုတစ်စုရှိခဲ့ပါသည်။ သူတို့တော်တော်များများ နေမကောင်းဖြစ်ခဲ့ကြပါသည်။
ဘရင်ဂ်ဟမ်ရန်းသည်လည်း ဖျားနာနေခဲ့ပြီး၊ သူ၏မိသားစုသည် ဆင်းရဲချို့တဲ့ခဲ့ပါသည်။ သို့သော်လည်း ဘရင်ဂ်ဟမ်၏ ဇနီးသည်၊ မယ်ရီ အန်းက သူ့အား ဤသို့ပြောခဲ့ပါသည်၊ “သင့်ရဲ့ သာသနာပြုတာဝန်ကို သွားပြီးဆောင်ရွက်ပါ၊ ကိုယ်တော်ရှင်က သင့်ကို ကောင်းချီးပေးပါလိမ့်မယ်။”
ဟီဘာနှင့် ဘရင်ဂ်ဟမ်သည် ကျန်းမာလာခဲ့ပါသည်၊ သို့သော်လည်း သူတို့ အင်မတန်အားနည်းနေခဲ့ပါသည်။ သူတို့သည် ဧဝံဂေလိတရားကိုဟောပြောချင်ခဲ့ကြပါသည်၊ ထို့ကြောင့် သူတို့၏မိသားစုများကို နှုတ်ဆက်စကားပြော၍ သူတို့၏ခရီးကိုစတင်ရန် လှည်းတစ်စီးနောက်သို့တက်ခဲ့ကြပါသည်။
သမုဒ္ဒရာကိုဖြတ်ကျော်ရသည့် ရှည်လျားသည့်ခရီးစဉ်တစ်ခုပြီးနောက်၊ ဟီဘာနှင့် ဘရင်ဂ်ဟမ်တို့သည် ဂရိတ်ဗြိတိန်သို့ ရောက်ရှိခဲ့ကြပါသည်။ တခြားသောတမန်တော်များနှင့်အတူ၊ သူတို့သည် လူအမြောက်အများကို ဧဝံဂေလိ သင်ကြားပေးခဲ့ကြပါသည်။ ထောင်ပေါင်းများစွာသောသူတို့သည် ယေရှုခရစ်တော်၏အသင်းတော်သို့ ဗတ္တိဇံခံခဲ့ကြပါသည်။ ထိုသူအမြောက်အများသည် အမေရိကန်ပြည်ထောင်စုရှိ သန့်ရှင်းသူများနှင့်ပူးပေါင်းရန် သမုဒ္ဒရာကို ရွက်လွှင့်ဖြတ်ကျော်လာခဲ့ကြပါသည်။
သူတို့သည် ကိုယ်တော်ရှင်အား သာသနာပြုများအဖြစ် အမှုတော်ဆောင်နေစဉ်၊ ကိုယ်တော်ရှင်သည် ဟီဘာနှင့် ဘရင်ဂ်ဟမ်၏မိသားစုများကို စောင့်ရှောက်ရန် သူ၏ကတိတော်အားတည်ခဲ့ပါသည်။
အရောင်ခြယ်စာမျက်နှာ
ဘုရားသခင်သည် ကမ္ဘာမြေပေါ်ရှိ သက်ရှိတိုင်းကို ဖန်ဆင်းခဲ့ပါသည်
ခိုရီး အက်ဘာ့တ်၏ သရုပ်ဖော်ပုံ
သင်နှစ်သက်သောသက်ရှိသတ္တဝါမှာ မည်သည်ဖြစ်သနည်း။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Friend Message, ဇူလိုင် ၂၀၂၅ ၏ ဘာသာပြန်။ Burmese. 19639 256