2025
ကာတ့်လန်းဗိမာန်တော်တည်ဆောက်ခြင်း
ဇွန် ၂၀၂၅


လစဉ် မိတ်ဆွေအမှာစကား၊ ဇွန် ၂၀၂၅

ကာတ့်လန်းဗိမာန်တော်တည်ဆောက်ခြင်း

စိုက်ပျိုးမြေကွက်လပ်ကို ကြည့်နေကြသော ဂျိုးဇက်စမစ်နှင့်တခြားသူများ

ကိုယ်တော်ရှင်သည် ဂျိုးဇက်စမစ်အား ကာတ့်လန်း၊ အိုဟိုင်းရို၊ ယူအက်စ်အေ၌ ဗိမာန်တော်တစ်ခုတည်ဆောက်ရန် အချိန်ကျပြီဖြစ်ကြောင်း မိန့်တော်မူခဲ့ပါသည်။ ထိုနေရာသည် ကိုယ်တော်ရှင်မှ သူ၏လူမျိုးများထံသို့ အကြည့်အရှုလာပြီး သူတို့နှင့်ကတိ‌တော်များပြုမည့် ထူးခြားသည့်နေရာတစ်ခုဖြစ်ပါလိမ့်မည်။

ကာတ့်လန်းဗိမာန်တော်ကိုစတင်တည်‌ဆောက်နေသောလူများ

သန့်ရှင်းသူများသည် ဗိမာန်တော်ကို စတင်တည်ဆောက်ခဲ့ကြပါသည်။ တည်ဆောက်ရာ၌ ငွေကုန်ကြေးကျအလွန်များပြီး အင်မတန်အလုပ်လုပ်ရပါသည်။ သို့ရာတွင် သူတို့သည် ကိုယ်တော်ရှင်၏ကောင်းချီးများကို လက်ခံရန် စိတ်လှုပ်ရှားခဲ့ကြပါသည်။

ဆုတောင်းနေသော အမျိုးသားနှင့် အနီးနားရှိအလုပ်သမားများ

သန့်ရှင်းသူများသည် ဗိမာန်တော်တည်ဆောက်နေကြစဥ်တွင်၊ သူတို့၌ ငွေကြေးကုန်စပြုလာပါသည်။ သူတို့သည် ဘုရားသခင်ထံသို့ အကူအညီတောင်းလျှောက်ခဲ့ကြပါသည်။

မပြီးဆုံးသေးသည့် ကာတ့်လန်းဗိမာန်တော်ကိုကြည့်နေသော လှည်းရထားထဲမှအမျိုးသမီး

ကယ်ရိုလိုင်း တစ်ပက်စ် အမည်ရှိ အမျိုးသမီးတစ်ဦး နှင့် သူမ၏မိသားစုသည် ငွေကြေးအမြောက်အများစုဆောင်းခဲ့ပါသည်။ သူတို့သည် ဗိမာန်တော်တည်ဆောက်ရာ၌ကူညီရန် အသင်းတော်အား ငွေကြေးချေးငှားခဲ့ကြပါသည်။

တစ်စိတ်တစ်ပိုင်းပြီးစီးနေသော ကာတ့်လန်းဗိမာန်တော်ရှေ့တွင် ဖန်စများကို ခြင်းထောင်းများထဲသို့ စုနေသည့်ကလေးများ

သန့်ရှင်းသူများသည် အလုပ်ကြိုးစားခဲ့ကြပါသည်။ တချို့သူများသည် ကျောက်တုံးများအပြည့်ဖြင့်လှည်းများကို မောင်းနှင်ခဲ့ကြပါသည်။ တခြားသူများသည် အလုပ်သမားများအတွက် အဝတ်အစားများနှင့်အစားအစာများ ပြုလုပ်ပေးခဲ့ကြပါသည်။

ကလေးများသည် ဖန်ကွဲစများကို ကြိတ်ချေပြီး ဗိမာန်တော်၏နံရံများတွင်ကပ်ရန်အတွက် စုဆောင်းကြပါသည်၊ ထိုဖန်စများ နေရောင်ထဲတွင် တောက်ပနေစေရန် ဖြစ်ပါသည်။

ပြီးစီးသွားသောကာတ့်လန်းဗိမာန်တော်ကိုကြည့်နေကြသည့်လူများ

မကြာမီ၌ ဗိမာန်တော်ကို ဆောက်လုပ်ပြီးစီးသွားခဲ့ပါသည်။ သန့်ရှင်းသူများသည် ကိုယ်တော်ရှင် သူတို့အားကတိပေးထားသည့် ကောင်းချီးများကို လက်ခံရန် ကိုယ်တော်ရှင်၏အိမ်တော်သို့ ဝင်ရောက်ဖို့ရာ စိတ်လှုပ်ရှားခဲ့ကြပါသည်။

အရောင်ခြယ်စာမျက်နှာ

ကိုယ်တော်ရှင်သည် ကျွန်ုပ်မည်သူဖြစ်ကြောင်းသိရှိပြီး ကျွန်ုပ်ကိုချစ်ပါသည်

Alt text

ခိုရီး အက်ဘာ့တ်၏ သရုပ်ဖော်ပုံ

သင်၏မျက်နှာကို ဘဲဥပုံ ဆွဲကြည့်ပါ။ ယေရှုခရစ်တော်သည် သင့်အားချစ်ကြောင်း မည်ကဲ့သို့သိနိုင်ပါမည်နည်း။