“လူစီသည် သမ္မာတရားကို ရှာတွေ့သည်၊ ” မိတ်ဆွေ၊ဧပြီ ၂၀၂၅။၂၆-၂၈။
လစဉ် မိတ်ဆွေ အမှာစကား၊ ဧပြီ ၂၀၂၅
လူစီသည် သမ္မာတရားကို ရှာတွေ့သည်
တစ်နေ့၌၊ အသက်၁၅နှစ်အရွယ် လူစီမော်လီသည် သူမ၏အိမ်နီးချင်းဖြစ်သူ၊ အက်ဘီဂယ် ဒန်နီရယ်အား၊ အထည်ကူညီရက်လုပ်ပေးနေပါသည်။ သူတို့အလုပ်လုပ်နေစဉ်၊ သာသနာပြုသုံးယောက်မှ တံခါးလာခေါက်ခဲ့ပါသည်။ ယေရှုခရစ်တော်မှ သတင်းစကားဝေမျှရန် သူတို့ကိုစေလွှတ်ခြင်းဖြစ်ကြောင်း သာသနာပြုများကပြောခဲ့ပါသည်။
ယေရှုသည် ဂျိုးဇက်စမစ်အား ပရောဖက်တစ်ပါးဖြစ်ရန် ခေါ်သွင်းတော်မူခဲ့ကြောင်း အမျိုးသားများက အက်ဘီဂယ်နှင့်လူစီအား ပြောခဲ့ပါသည်။ သူတို့သည် မော်မုန်ကျမ်းအကြောင်းကိုလည်း ပြောခဲ့ကြပါသည်။
အက်ဘီဂယ်သည် ဒေါသထွက်လာသောကြောင့်၊ လူစီအံ့သြသွားခဲ့ပါသည်။ သူမသည် သာသနာပြုများကို နှင်ခဲ့ပါသည်။
သာသနာပြုများသည် ဘုရားသခင်၏အမှုထမ်းများဖြစ်ကြောင်း လူစီသိခဲ့ပါသည်။ သူမသည် သူတို့အား လမ်းအနီးရှိ သူမမိသားစုထံသို့သွားရန် ပြောခဲ့ပါသည်။
သာသနာပြုများသည် မော်လီ၏အိမ်သို့ သွားရောက်ခဲ့ကြပါသည်။ လူစီ၏မိဘများသည် သူတို့နှင့်သူတို့၏မိတ်ဆွေများကို သင်ကြားပေးရန် သာသနာပြုများကို ဖိတ်ခေါ်ခဲ့ပါသည်။
ထိုည၌၊ လူ၁၇ယောက် ဗတ္တိဇံခံခဲ့ကြပါသည်။ နောက်ရက်အနည်းငယ်အတွင်း၊ နောက်ထပ်လူအယောက် ၅၀ သည် သာသာနာပြုများအကြောင်း ကြားသိပြီးနောက် ဗတ္တိဇံခံခဲ့ကြပါသည်။ လူစီ၏အိမ်နီးချင်း အက်ဘီဂယ်ပင်လျှင်၊ သူမ၏စိတ်ကို ပြောင်းလဲခဲ့ပါသည်။ အက်ဘီဂယ်နှင့်သူမ၏ခင်ပွန်းတို့သည်၊ လူစီနှင့်သူမ၏မိသားစုဝင်များနှင့်တကွ၊ ဗတ္တိဇံခံခြင်းအားဖြင့် ယေရှုခရစ်တော်နောက်သို့လိုက်ရန် ရွေးချယ်ခဲ့ကြပါသည်။
အရောင်ခြယ်စာမျက်နှာ
ယေရှုခရစ်တော်ကြောင့်၊ ကျွန်ုပ်သည် ရှင်ပြန်ထမြောက်ပါလိမ့်မည်။
ခိုရီး အက်ဘာ့၏ သရုပ်ဖော်ပုံ
ပသခါပွဲတော်၌ ယေရှုခရစ်တော်ကို သင်မည်ကဲ့သို့ အောက်မေ့သတိရနိုင်ပါသနည်း။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Friend Message, April 2025. ၏ ဘာသာပြန် Burmese. 19631 256