“ယဇ်ပုရောဟိတ်အခွင့်ကို ပြန်လည်ဆောင်ယူခဲ့သည်၊” မိတ်ဆွေ၊ မတ် ၂၀၂၅၊ ၂၆-၂၈။
လစဉ် မိတ်ဆွေ အမှာစကား၊ မတ် ၂၀၂၅
ယဇ်ပုရောဟိတ်အခွင့်ကို ပြန်လည်ဆောင်ယူခဲ့သည်
သင်သည် ဤဇာတ်လမ်းကို ဂျိုးဇက်စမစ်—သမိုင်း ၁:၆၆-၇၃ နှင့် သြဝါဒနှင့်ပဋိညာဥ်များ ၂၇:၁၂တွင် ဖတ်ရှုနိုင်ပါသည်။
ဂျိုးဇက်စမစ်သည် ရွှေပုရပိုက်ပြားများကိုရရှိပြီးနောက် ၎င်းတို့အားစတင်ဘာသာပြန်ခဲ့ပါသည်။ သူပြောခဲ့သည်များကို အော်လီဗာကောင်ဒရီက ရေသားခဲ့ပါသည်။ သူတို့အလုပ်လုပ်နေစဉ်တွင်၊ ယေရှုခရစ်တော်သည် လူတိုင်းကို ဗတ္တိဇံခံစေလိုကြောင်း သူတို့သင်ယူခဲ့ကြပါသည်။
ဂျိုးဇက်စမစ်နှင့် အော်လီဗာကောင်ဒရီက လူများကို ဗတ္တိဇံပေးရန် ဘုရားသခင်၏တန်ခိုးတော် မည်သူတွင်ရှိကြောင်း တွေးခဲ့ကြပါသည်။ ဆုတောင်းပြီး ဘုရားသခင်ကို မေးလျှောက်ရန် သူတို့ တောထဲသို့သွားခဲ့ပါသည်။
သူတို့ဆုတောင်းနေစဥ် ကောင်းကင်တမန်တစ်ပါးပေါ်လာခဲ့သည်။ သူသည် ဟိုးယခင်က ယေရှုခရစ်တော်ကို ဗတ္တိဇံပေးခဲ့သူ ဗတ္တိဇံဆရာယောဟန်ဖြစ်ကြောင်းပြောခဲ့ပါသည်။ သူသည် ဂျိုးဇက်နှင့် အော်လီဗာကို အာရုန်ယဇ်ပုရောဟိတ်အခွင့်ပေးခဲ့သည့်အတွက် အခြားသူများကို သူတို့ ဗတ္တိဇံပေးနိုင်ခဲ့သည်။ ယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်။ ဘုရားသခင်၏သားသမီးများကို ကောင်းချီးပေးရန် ၎င်းကို အသုံးပြုပါသည်။
ဗတ္တိဇံဆရာယောဟန်က ဂျိုးဇက်နှင့် အော်လီဗာကို ဗတ္တိဇံခံရန်ပြောခဲ့ပါသည်။ သူတို့ မြစ်တစ်ခုသို့သွားပြီး အချင်းချင်းဗတ္တိဇံပေးခဲ့ပါသည်။ သူတို့ရေထဲမှထွက်လာသောအခါ သူတို့သည် သန့်ရှင်းသောဝိညာဥ်တော်နှင့်ပြည့်ခဲ့ကြပါသည်။ သူတို့အလွန်ပျော်ရွှင်ခဲ့ပါသည်။
နောက်ပိုင်းတွင် အခြားသောကောင်းကင်တမန်များလာခဲ့ကြသည်။ ယေရှုခရစ်တော်၏တမန်တော်သုံးပါးဖြစ်သည့် —ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည်—ဂျိုးဇက်နှင့် အော်လီဗာအား မေလခိဇဒက်ယဇ်ပုရောဟိတ်အခွင့်ကိုပေးခဲ့ပါသည်။ ယခု ဂျိုးဇက်နှင့် အော်လီဗာတို့သည် အခြားသူများအား သန့်ရှင်းသောဝိညာဥ်တော်၏ ဆုကျေးဇူးကိုပေးနိုင်ပါသည်။
အရောင်ခြယ်စာမျက်နှာ
ယေရှုသည် စိတ်နှလုံးမှလာသောသီချင်းကို နှစ်သက်ပါသည်
ခိုရီး အက်ဘာ့၏ သရုပ်ဖော်ပုံများ
ယေရှုခရစ်တော်အကြောင်း သင်သီချင်းဆိုသောအခါ သင်မည်သို့ခံစားရပါသနည်း။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Friend Message, March 2025. ၏ ဘာသာပြန် Burmese. 19636 256