“ဂျိုးဇက်စမစ်သည် ရွှေပုရပိုက်ပြားများကိုရရှိသည်၊” မိတ်ဆွေ၊ ဖေဖော်ဝါရီ ၂၀၂၅၊ ၂၆-၂၈။
“မော်မုန်ကျမ်း မှန်ကန်ကြောင်း ကျွန်ုပ် သက်သေခံနိုင်ပါသည်” မိတ်ဆွေ၊ ဖေဖော်ဝါရီ ၂၀၂၅၊ ၄၈။
လစဉ် မိတ်ဆွေ အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၅
ဂျိုးဇက်စမစ်သည် ရွှေပုရပိုက်ပြားများကိုရရှိသည်
သင်သည် ဤဇာတ်လမ်းကို ဂျိုးဇက်စမစ်—သမိုင်း ၁:၂၈-၆၀ တွင်ဖတ်ရှုနိုင်ပါသည်။
ပထမရူပါရုံပြီးနောက် သုံးနှစ်အကြာမှာ ဂျိုးဇက်စမစ်သည် သူလုပ်ခဲ့သော အမှားအချို့ နှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်ခဲ့ပါသည်။ ၎င်းနှင့်ပတ်သက်ပြီး ကောင်းကင်ဘုံရှင်အဘထံ သူဆုတောင်းခဲ့ပါသည်။
ဂျိုးဇက် ဆုတောင်းနေစဥ်မှာ အလင်းသည် အခန်းမှာပြည့်လာခဲ့ပါသည်။ လေထဲမှာ ရပ်နေသော ကောင်းကင်တမန်တစ်ပါးကို သူမြင်ခဲ့ပါသည်။ ကောင်းကင်တမန်နာမည်မှာ မော်ရော်နိုင်း ဖြစ်ပါသည်။
မော်ရော်နိုင်းသည် ရွှေစာမျက်နှာများ သို့မဟုတ် ပုရပိုက်ပြားများနှင့် ပြုလုပ်ထားသော စာအုပ်တစ်အုပ်ရှိကြောင်း ပြောခဲ့ပါသည်။ ၎င်းကို ဂျိုးဇက်၏အိမ်အနီးရှိ တောင်ကုန်းတစ်ခုမှာ မြုပ်ထားခဲ့ပါသည်။ စာအုပ်သည် အမေရိကမှာ ရှေးက နေထိုင်ခဲ့ကြသူများအကြောင်းဖြစ်ပါသည်။ မော်ရော်နိုင်းသည် စာအုပ်ကိုဘာသာပြန်ဖို့ ဂျိုးဇက်ကို ဘုရားသခင်ကူညီပေးမည်လို့ ပြောခဲ့ပါသည်။
ဂျိုးဇက်သည် တောင်ကုန်းဆီသွားခဲ့ပြီး လေးလံသောကျောက်တုံးတစ်ခုအောက်မှာ ပုရပိုက်ပြားများကို ရှာတွေ့ခဲ့ပါသည်။ မော်ရော်နိုင်း ရောက်လာပြီး သူတို့ကိုယူဖို့ ဂျိုးဇက်မှာ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောခဲ့ပါသည်။
ဂျိုးဇက်ကြီးလာသောအခါ မော်ရော်နိုင်းသည် သူ့ကို တောင်ကုန်းပေါ်မှာတွေ့ပြီး ပုရပိုက်ပြားများကို ပေးခဲ့ပါသည်။ မော်ရော်နိုင်းသည် သူတို့ကို လုံခြုံစွာသိမ်းထားဖို့ ဂျိုးဇက်ကိုပြောခဲ့ပါသည်။
ဂျိုးဇက်က ပုရပိုက်ပြားများကို အင်္ဂလိပ်ဘာသာသို့ စတင်ဘာသာပြန်ခဲ့ပါသည်။ သူ့ကိုကူညီဖို့ ဘုရားသခင်ဆီမှ အထူးကိရိယာများကို သူအသုံးပြုခဲ့သည်။ စာအုပ်ကို မော်မုန်ကျမ်းအဖြစ် ၁၈၃၀ ခုနှစ်မှာ ထုတ်ဝေခဲ့ပါသည်။ ၎င်းက ယေရှုခရစ်တော်နှင့် သူ၏ဧဝံဂေလိတရားတော်အကြောင်းကို သွန်သင်ပါသည်။
အရောင်ခြယ်စာမျက်နှာ
မော်မုန်ကျမ်း မှန်ကန်ကြောင်း ကျွန်ုပ် သက်သေခံနိုင်ပါသည်
ခိုရီး အက်ဘာ့၏ သရုပ်ဖော်ပုံများ
မော်မုန်ကျမ်းမှာ ယေရှုခရစ်တော်အကြောင်း သင်ယူဖို့ တခြားသူများကို သင်ဘယ်လိုကူညီပေးနိုင်ပါမလဲ။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Friend Message, February 2025 ၏ ဘာသာပြန်။ Burmese. 19641 256