“ပထမရူပါရုံ၊” မိတ်ဆွေ၊ ဇန်နဝါရီ ၂၀၂၅၊ ၂၆-၂၈။
လစဉ် မိတ်ဆွေ အမှာစကား၊ ဇန်နဝါရီ ၂၀၂၅
ပထမရူပါရုံ
သင်သည် ဤဇာတ်လမ်းကို ဂျိုးဇက်စမတ်—သမိုင်း ၁:၁-၂၀ တွင်ဖတ်ရှုနိုင်ပါသည်။
ဂျိုးဇက်စမစ်ငယ်စဥ်က အသင်းတော်တွေက ယေရှုခရစ်တော်အကြောင်း မတူညီတဲ့အရာများကို သွန်သင်ခဲ့ကြတယ်။ ဂျိုးဇက်က ဘယ်အသင်းတော်မှာ ဝင်ရမလဲဆိုတာကို မသိခဲ့ပါဘူး။
တစ်ရက်မှာ သမ္မာကျမ်းရှိ ယာကုပ် ၁:၅ကို သူဖတ်ခဲ့ပါတယ်။ ၎င်းက ကျွန်ုပ်တို့ဉာဏ်ပညာကိုလိုလျှင် ဘုရားသခင်ထံတောင်းနိုင်ကြောင်းပြောပါတယ်။ ဂျိုးဇက်စမစ်က ထိုသို့လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။
သာယာသောနွေဦးတစ်ရက်မှာ ကောင်းကင်ဘုံရှင်အဘထံဆုတောင်းဖို့ ဂျိုးဇက်တောထဲသို့ ထွက်သွားခဲ့တယ်။
ဂျိုးဇက် ဒူးထောက်ပြီး စတင်ဆုတောင်းခဲ့ပါတယ်။ ဒါပေမယ့် သူ့ပတ်လည်မှာ မှောင်မိုက်ကိုသူခံစားခဲ့ရတယ်။ ဂျိုးဇက် ကြောက်လန့်ခဲ့တယ်။ ဘုရားသခင်ကို သူအကူအညီတောင်းခဲ့တယ်။
ရုတ်တရက် ကောင်းကင်မှတောက်ပတဲ့အလင်းတန်းတစ်ခုဆင်းသက်လာတာကို ဂျိုးဇက်မြင်ခဲ့ပါတယ်။ ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော် လေထဲမှာ ရပ်နေတာကို သူမြင်ခဲ့ပါတယ်။ ကောင်းကင်ဘုံရှင်အဘက ဂျိုးဇက်ရဲ့ နာမည်ကိုခေါ်ခဲ့ပါတယ်။ အဲ့ဒီနောက် ယေရှုခရစ်ကိုညွှန်ပြပြီး ပြောခဲ့တာက “ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ့ကို နားထောင်လော့။”
ယေရှုက ဂျိုးဇက်ကို ဘယ်အသင်းတော်ကိုမှ မဝင်ရမယ့်အကြောင်း ပြောခဲ့ပါတယ်။
ဂျိုးဇက်က မြေကြီးပေါ်မှာ ဧဝံဂေလိတရားတော်အပြည့်အစုံကို ပြန်လည်ဆောင်ယူရန်ကူညီပါလိမ့်မယ်။
ဂျိုးဇက် ထပ်ပြီး စိတ်ရှုပ်ထွေးမှုမရှိတော့ပါဘူး။ သူဝမ်းမြောက်ခြင်းဖြင့် ပြည့်ခဲ့တယ်။ ဘုရားသခင်သူ့ကိုချစ်ကြောင်းသူသိခဲ့ပါတယ်။ လူတစ်ချို့က ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်ကို သူမြင်ခဲ့ကြောင်း မယုံကြည်ခဲ့ကြပါဘူး၊ ဒါပေမယ့် ဒီအရာမှန်ကန်ကြောင်း သူသိခဲ့ပါတယ်။
အရောင်ခြယ်စာမျက်နှာ
ကောင်းကင်ဘုံရှင်အဘက ကျွန်ုပ်ဆုတောင်းချက်များကိုနားထောင်၍ အဖြေပေးပါသည်
ခိုရီး အက်ဘာ့ ၏ သရုပ်ဖော်ပုံများ
ကောင်းကင်ဘုံရှင်အဘက ဂျိုးဇက်စမစ်ရဲ့ဆုတောင်းချက်ကိုအဖြေပေးခဲ့ပါတယ်။ သင့်ကိုလည်းသူအဖြေပေးပါမယ်။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် Monthly Friend Message, January 2025. Burmese. 19632 256