2024
နီဖိုင်းသည် သူငယ်တော်ယေရှုကို မြင်ခဲ့သည်
ဒီဇင်ဘာ ၂၀၂၄


“နီဖိုင်းသည် သူငယ်တော်ယေရှုကိုမြင်ခဲ့သည်၊” မိတ်ဆွေ၊ ဒီဇင်ဘာ ၂၀၂၄၊ ၂၆–၂၇။

လစဉ် မိတ်ဆွေ အမှာစကား၊ ဒီဇင်ဘာ ၂၀၂၄

နီဖိုင်းသည် သူငယ်တော်ယေရှုကို မြင်ခဲ့သည်

နီဖိုင်းအားသွန်သင်နေသောလေဟိ၊ နှင့် ဆု‌တောင်းနေသောနီဖိုင်း

အန်ဒရူး ဘော့စလီ၏ သရုပ်ဖော်ပုံများ

နီဖိုင်း၏အဘဖြစ်သူ၊ လေဟိ၊ သည် ယေရှုခရစ်တော်၏ရူပါရုံတစ်ခုအား မြင်ခဲ့သည်။ နီဖိုင်းသည်လည်း ထိုရူပါရုံအား မြင်ချင်ခဲ့သည်။ သူ၏အဘမြင်ခဲ့သည့်အရာကို ကြည့်ရန် ဆုတောင်းပြီး တောင်းလျှောက်ခဲ့သည်။

မာရိအား ရူပါရုံတစ်ခုတွင် မြင်နေသော နီဖိုင်း

သန့်ရှင်းသောဝိညာဉ်တော်သည် နီဖိုင်းအား တူညီသည့်ရူပါရုံကို ပြသခဲ့သည်။ နီဖိုင်းသည် မာရိအမည်ရှိ ငယ်ရွယ်သောမိန်းမပျိုကို မြင်ခဲ့သည်။ သူမသည် ဘုရားသခင်၏သားတော်၊ ယေရှုခရစ်တော်၏ မိခင်ဖြစ်လာမည်ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်က ပြောခဲ့သည်။

မာရိနှင့်သူငယ်တော်ယေရှုအား ရူပါရုံတစ်ခုတွင်မြင်နေသော နီဖိုင်း

နီဖိုင်းသည် သူငယ်တော်ယေရှုအား မာရိနှင့်အတူမြင်ခဲ့သည်။ ယေရှုသည် ကောင်းကင်ဘုံရှင်အဘ၏ သားသမီးများကို ကူညီရန် လောကသို့ကြွလာမည်ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်က ပြောခဲ့သည်။

သူ၏ရူပါရုံအားချရေးနေသော နီဖိုင်း၊ ကျမ်းစာများဖတ်နေသည့် မိန်းကလေး

နီဖိုင်းသည် ယေရှုခရစ်တော်၏အသက်တာကို မြင်ခဲ့သည်။ သူသည် လူများကို အမှုတော်ဆောင်ပြီး သွန်သင်နေသည့်ကိုယ်တော့်အား မြင်ခဲ့သည်။ နီဖိုင်းသည် ကယ်တင်ရှင်အကြောင်း များစွာသင်ယူခဲ့သည်။ သင်သည်လည်း ကျမ်းစာများဖတ်ခြင်းဖြင့် သူ၏အကြောင်းကို သင်ယူနိုင်ပါသည်။

အရောင်ခြယ်စာမျက်နှာ

ခရစ်စမတ်သည် ယေရှုအကြောင်းပင်ဖြစ်သည်။

အရောင်ခြယ်စာမျက်နှာ

အာဒမ် ကိုဖော့၏ သရုပ်ဖော်ပုံ

“အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကိုဘွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏” (ဟေရှာယ ၉း၆).