“ဧလိယနှင့် ဖြည်းညှင်းသောအသံ၊” လစဉ် FriendMessages, July 2022
“ဧလိယနှင့် ဖြည်းညှင်းသောအသံ”
လစဉ် Friend အမှာစကား၊ ဂျူလိုင် ၂၀၂၂
ဧလိယနှင့် ဖြည်းညှင်းသောအသံ
ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံများ
ဧလိယဟာ ပရောဖက်တစ်ပါးဖြစ်ပါတယ်။ သူက ဘုရားသခင်ရဲ့အသံကို ကြားလိုခဲ့ပါတယ်။ ဘုရားသခင်ရဲ့အသံကို ပိုပြီးကောင်းကောင်းကြားရအောင် တောင်တစ်ခုဆီကို သွားခဲ့ပါတယ်။
လေပြင်းတစ်ခုရှိခဲ့ပါတယ်။ လေကပြင်းလွန်းလို့ ကျောက်တုန်းတွေတောင်ကွဲပါတယ်။ လေသံကကျယ်ပါတယ်။ ဒါပေမယ့်အဲဒါက ဘုရားသခင်ရဲ့အသံတော်မဟုတ်ပါဘူး။
အဲဒီမှာ မြေငလျင်တစ်ခုလည်းရှိခဲ့ပါတယ်။ မြေကြီးလှုပ်ပါတယ်။ မီးလည်းရှိပါတယ်။ မီးတောက်အကြီးကြီးတွေရှိပါတယ်။ ဒါပေမယ့် မြေငလျင်နဲ့ မီးဟာ ဘုရားသခင့်အသံတော်မဟုတ်ပါဘူး။
အဲဒါက ငြိမ်သက်ပါတယ်။ ဧလိယက ဘုရားသခင်ရဲ့အသံတော်ကို ကြားပါတယ်။ အဲဒါက ဖြည်ညှင်းပါတယ်။ ဒါမေမယ့်အဲဒါက ရှင်းလင်းပါတယ်။
ကျွန်တော်ဟာ သန့်ရှင်းသောဝိညာဉ်တော်ကို နားထောင်ခြင်းဖြင့် ဘုရားသခင်ရဲ့အသံတော်ကို ကြားနိုင်ပါတယ်။ သူက ကျွန်တော့်ကို ဖြည်းညှင်းတဲ့အသံနဲ့မိန့်တော်မူပါတယ်။
အရောင်ချယ်စာမျက်နှာ
ကျွန်တော်သန့်ရှင်းသောဝိညာဉ်တော်ကို ခံစားနိုင်ပါတယ်။
ဆွဲချရန် ရုပ်ပုံပေါ်မှာ နှိပ်ပါ။
ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံ
သန့်ရှင်းသောဝိညာဉ်တော်ကို ခံစားရန် သင့်ကို မည်သည့်အရာက ကူညီပါသနည်းး။
© 2022 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ခွင့်ပြုချက် ၆/၁၉. Monthly Friend Message, July 2022. ၏ဘာသာပြန်။ Burmese. 18298 256