၂၀၂၁
ပေါလု၏သာသနာပြုခရီးများ
အောက်တိုဘာ ၂၀၂၁


“ပေါလု၏သာသနာပြုခရီးများ” မိတ်ဆွေအောက်၊ ၂၀၂၁

“ပေါလု၏သာသနာပြုခရီးများ”

လစဉ် မိတ်ဆွေ အမှာစကား၊ အောက်တိုဘာ ၂၀၂၁

1:14

ပေါလု၏သာသနာပြုခရီးများ

ဖိလိပ္ပိဩဝါဒစာ ၄

တမန်တော်ပေါလုဟာ လူတို့အားယေရှုအကြောင်းကို သွန်သင်ရန် ပြည်အမျိုးမျိုးသို့ ခရီးသွားခဲ့ပါတယ်။ အဲဒီတုန်းက ကားတွေလည်းမရှိ၊ လေယာဉ်ပျံတွေလည်းမရှိပါဘူး၊ ဒါကြောင့် သူဟာ လမ်းတွေအများကြီးလျှောက်ခဲ့ရပါတယ်။ တစ်ခါတစ်ရံမှာ သင်္ဘောနဲ့ခရီးသွားခဲ့ပါတယ်။

မြို့လမ်းပေါ်၌လူတို့ကို သွန်သင်ပေးနေသည့် ပေါလု

ပေါလုက လူတွေကို ဘုရားကျောင်းတွေ၊ အိမ်တွေမှာ သွန်သင်ပေးခဲ့ပါတယ်။ သူက လူတွေကို ကျောက်တောင်ကုန်းထိပ်တွေမှာ၊ မြို့လမ်းတွေမှာ သွန်သင်ပေးခဲ့ပါတယ်။

အကျဉ်းထောင်သံတိုင်များကြားမှနေ၍ ငှက်တစ်ကောင်ကိုကြည့်နေသည့်ပေါလု

လူများစွာတို့က ပေါလုသွန်သင်ပေးခဲ့တဲ့အရာကို မကြိုက်ပါဘူး။ တစ်ခါတစ်ရံမှာ ပေါလုဟာ အကျဉ်းထောင်ကို အပို့ခံရပါတယ်။ တစ်ခါတစ်ရံမှာ ပေါလုဖျားနာပါတယ်။

လမ်းလျှောက်ဆင်းလာနေသည့်ပေါလု

ဒါပေမယ့် ဤခက်ခဲတဲ့အရာတွေကို ဖြတ်ကျော်ပြီး၊ ပေါလုမှာ ယုံကြည်ခြင်းရှိပါတယ်။ သူပြောခဲ့ပါတယ်၊ “ငါသည် ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို လုပ်ဆောင်နိုင်၏။” သူ့ကို အားကြီးစေဖို့ ယေရှုကူညီမယ်ဆိုတာကို သူသိပါတယ်။

မိန်းကလေးတစ်ဦးအား စက်ဘီးစီးဖို့ကူညီနေသည့်မိဘများ

ယေရှုခရစ်တော်က ကျွန်တော့်ကိုလည်း အားကြီးစေဖို့ ကူညီနိုင်ပါတယ်။ သူကကျွန်တော့်ကို ချစ်တယ်၊ ကျွန်တော်ကလည်း သူ့ကို ချစ်ပါတယ်။

အရောင်ချယ်စာမျက်နှာ

ယေရှုက ကျွန်တော့်ကို ခက်ခဲတဲ့အရာတွေလုပ်ဆောင်ဖို့ ကူညီနိုင်ပါတယ်။